Sunday, February 1, 2009

ချစ်သူများနေ့ အကြို အစီအစဉ် ၃

အစီအစဉ် ၃ အနေ့နဲ့ - ကတော့ .....

ချစ်သူများနေ့ အကြို အစီအစဉ် ၂

အစီအစဉ် ၂ အနေ့နဲ့ - February ၂ ရက်နေ့ Monday အာရုံမှာ City Mark ဈေးဝယ်ကဒ်လေးကို စာအိပ်လေးနဲ့ထုပ်ပိုးပြီး မနက်စော စောရောက်ဖို့စိစဉ်ခဲ့ပါတယ်။ သူကြိုက်ပါစေလို့မျှော်လင့်လိုက်ပါတယ်။

ချစ်သူများနေ့ အကြို အစီအစဉ် ၁

ကျွန်တော် Valentine အစီအစဉ်လေးကို ၁ ရက်နေ့ထဲက စီစဉ်ထားတာလေးတွေကိုပြောပြချင်လို့။ ဒီနှစ် Valentine Day အတွက် အစီအ စဉ်ကို January လထဲကနေစဉ်းစားနေတာပါ။ အရမ်းလည်းမိုက်စေချင်တယ်။ ထူးလည်းထူးဆန်းစေချင်တယ်။ တအံတသြလည်းဖြစ်စေ ချင်တယ်။ သူလည်းအဲဒါလေးအတွက်ကြိုက်စေချင်တယ်။ ကျွန်တော်ကလည်း အကြံပေါ်ချင်တော့ စာအုပ်ဖတ်လိုက်ရင် အကြံရလာတယ် ပြီးတော့ ကျွန်တော် Idea ပေါင်းထဲ့တော့တာပဲ။ ကျွန်တော် Valentine အစီအစဉ်လေးကိုသိချင်ရင်တော့ ၁၄ ရက်ထိစောင့်ရမှာ တစ်နေ့ တစ်မျိုးလက်ဆောင်လေးတွေပေးသွားမှာမိုလို့ပါ ၁၄ ရက်နေ့ထိပေါ့။

အစီအစဉ် ၁ အနေ့နဲ့ - February 1 ရက်နေ့ Sunday အာရုံမှာ စက္ကူပန်းစီးလေးတစ်စီးကို သူအိပ်ယာမနိုးခင်မှာ သူစီကိုရောက်ဖို့အတွက် စီစဉ်လိုက်တယ်လေ။ သူနှစ်သက်မှာစေလို့မျှော်လင့်လိုက်ပါတယ်

Thursday, August 7, 2008

Friday, July 11, 2008

သားကောင်း လင်ကောင်းမဟုတ်

ကျန်ခဲ့တဲ့ Saturday နေ့ကပေါ့ ကျွန်တော်ညီမတွေ ညီတွေနဲ့ စကားလက်ဆုံကြမိကျတယ်။ အဲဒီမှာ ကျွန်တော် မိန်းကလေးတွေမှားယွင်းတဲ့ စကားပုံလေးလား မိန်းကလေးတွေပဲ ထွင်ထားတာလားတော့မသိဘူးလေ။ ဘာ လည်းဆိုတော့ “သားကောင်း၊ လင်ကောင်း မဟုတ်တဲ့” စကားပုံလား ဘာလားတော့မသိဘူး ကျွန်တော်ကတော့ မှားနေတယ်လို့ ကျွန်တော် Point of View နဲ့အကြွင်းမဲ့ကိုပြောချင်ပါတယ် ဘာလို့လဲဆိုတော့ နည်းနည်းလေးပြောပြမယ်နော် ကျွန်တော် Point of View ကပေါ့ “သားကောင်းမှ ဖခင်ကောင်းလို့” အရင်ပြောင်းလိုက်ချင်တယ် လာလို့လဲဆိုတော့ အားလုံးပဲ စဉ်းစားကြည့်လေ သားကောင်းဆိုတဲ့ Meaning ကို သူတို့က မိဘကို သိတက်သူ မိဘကို အရမ်းချစ်တတ်သူ လို့ ထင်နေကြတာ သူတို့ထင်နေတာလေးနဲ့ပဲ ပြောကြည့်ရင်တောင်မှားနေတယ်။ သားကောင်း ရတနာဖြစ်ဖို့ ဆိုတာလဲ ဘယ်လွယ်မလဲ ဟုတ်တယ်မဟုတ်လား။ သားကောင်း ရတနာ ဘာလို့လဲဆိုတော့ မိဘကို သိတတ်တဲ့သူဆိုမှတော့ အခြားလူတွေအပေါ် မိတ်ဆွေသူငယ်ချင်းတွေအပေါ်သိတက်ဖို့ အရိုအသေပေးဖို့ အတွက်ကမခက်ခဲဘူးလေ အဲဒီလိုလူမျိုးက ဖခင်ကောင်း တစ်ယောက်လဲ ဖြစ်ဖို့လည်း မခဲရင်ပါဘူးလေ။ ကျေးဇူးကြီးမားသော မိဘကိုတောင်မသိတက်ရင် ကျန်တဲ့လူတွေကိုရော တကယ်သိတက်ပမလား။ အဲဒါလေးကို စဉ်းစားမိလို့ ရေးမိသွားတာပါ … သေသေချာချာ စဉ်စားစေချင်တယ်နော် ...

ပြန်မိတ်ဆက်တာပါ

ကျွန်တော် Blogs နဲ့ အဆက်အသွယ်ပျက်နေတာလည်း တော်တော်လေးကိုကြာသွားပါတယ် ကျွန်တော် အခုတလောကို Blogs ရေးဖို့ အချိန်ကိုမရလို့ Blogs ပေါ်မလာဖြစ်တာပါ ပြီးတော့ အားတဲ့အချိန်လေးတွေဆိုရင် Blogs ရေးမယ်ဆိုပြီး Internet ပေါ်ချိတ်လိုက်တော့ လည်း Connection ကမကောင်း ဟူး … အဲဒါနဲ့ပဲ အချိန်တော်တော်လေး Blogs နဲ့ ကင်းကွာခဲ့တာပါ။ အဲဒါနဲ့ပဲ ကျွန်တော် Blogs လေးနဲ့ ပြန် မိတ်ဆက်မလို့ ပြန်ရောက်လာတာပါ။ ကျွန်တော် မိတ်ဆွေတွေကိုလည်း ကျွန်တော် Blogs ကိုအားပေးဖို့ ပြန်ဖိတ်ခေါ်လိုက်ပါစေ။

Friday, May 30, 2008

¦ လှပနိုင်မှာလေ


မင်းက လမင်းလေးဆိုတော့
ကိုယ်က ကြယ်တရာလေးဖြစ်ချင်တာပေါ့
လမင်းလေးက ကြယ်တရာလေးတွေ
ခြံရံပြီးနေမှ ပိုပြီးလှတာလေ ။ ။
မင်းက လမင်းလေးဆိုတော့
ကိုယ်က ကုမုဒြာကြာလေးဖြစ်ချင်တာပေါ့
ကုမုဒြာကြာလေးက လရောင်ရှိမှ
ပွင့်လန်းရှင်သန်နိုင် လှပနိုင်မှာလေ ။ ။

Sunday, May 18, 2008

¦ မင်းသိနိုင်မှာလား ?

မင်းနဲ့ သူငယ်ချင်းဖြစ်ဖို့ ကြိုးစားခဲ့တယ် … အဲဒါ ဘာကြောင့်လဲ မင်းသိလား?
မင်းနဲ့ ရင်နှီးဖို့ ကြိုးစားခဲ့တယ် … အဲဒါ ဘာကြောင့်လဲ မင်းသိလား?
မင်းနဲ့ PH ပြောဖို့ ကြိုးစားခဲ့တယ် … အဲဒါ ဘာကြောင့်လဲ မင်းသိလား?
မင်းရဲ့ တွေရဖို့ ကြိုးစားခဲ့တယ် … အဲဒါ ဘာကြောင့်လဲ မင်းသိလား?
မင်းရဲ့ ယုံကြည်မူရဖို့ ကြိုးစားခဲ့တယ် … အဲဒါ ဘာကြောင့်လဲ မင်းသိလား?
မင်းရဲ့ မေတ္တာရဖို့ ကြိုးစားခဲ့တယ် … အဲဒါ ဘာကြောင့်လဲ မင်းသိလား?
နောက်ဆုံးတော့ အဲဒါတွေဟာ … မင်းကိုချစ်လို့ပေါ့ … အဲဒါရော မင်းသိလား?
နောက်တစ်ခုကတော့ မင်းမသိနိုင်ဘူး ဆိုတာကို ငါသိနေလို့ပေါ့ …
ဒါတွေက မသိပါဘူဆိုတဲ့ စကားလုံးတစ်လုံးအောက်မှာ ပြီးသွားမှာလား?

Tuesday, May 13, 2008

¦ အမှတ်တရလေပဲပေါ့လေ

ဒီနေ့က 13 ရက် 5 လနော် … မနက်စောစော အလုပ်တစ်ခုထလုပ်မိတယ် … လက်ဆောင်ပစ္စည်းလေးတစ်ခုကို တစ်နေရာကယူပြီး တစ် နေရာကိုသွားပို့တဲ့အလုပ်ပေါ့ … အဲအလုပ်ကို သူများကိုခိုင်းလို့ရတဲ့အလုပ်ဖြစ်ပေမယ့် ဘယ်သူမှမခိုင်းဘဲ ကျွန်တော် ကိုယ်တိုင်လုပ်ချင် နေတဲ့လေ … ကျန်ခဲ့သောနှစ် ဒီအချိန်ကပေါ့ ခုကနကအလုပ်ကိုပဲ ကျွန်တော်သူများကိုလုပ်ခိုင်းခဲ့တာ ... အဲဒီအလုပ်လေးလုပ်ပြီး သော်လည်း အပြန်လမ်းမှာ ကျေနပ်နေတဲ့အပြုံးလေးနဲ့ပေါ့ ကိုယ်တိုင်လုပ်ချင်နေတဲ့ အလုပ်လေးကိုလုပ်ပြီးတော့ ဒီလိုလေးဖြစ်သွားတာပေါ့ … လက်ဆောင်ပစ္စည်းလေးသွားယူတဲ့ အချိန်မှာလည်း စောင့်နေရတယ် စောင့်ရင်းနဲ့ ဟိုဘက်လမ်းလျှောက် ဒီဘက်လမ်းလျှောက်ရင်းနဲ့ ဇရပ်လေး ၂ ကောင်ကိုတောင်တွေ့သေးတယ် ချစ်စရာလေးတွေဘဲ … ခဏကြာတော့ပစ္စည်းလေးလဲရရော နောက်တစ်နေရာကို ပြေးတော့တာပဲလေ … အဲဒီလက် ဆောင်ပစ္စည်းလေးကို လက်ခဲ့တဲ့သူ သဘောကျမကျတော့မသိဘူး ကျွန်တော်ကတော့ ကျေနပ်နေ တယ် သဘောကျတယ် ဆိုရင်တော့ ပိုပြီးကျေနပ်စရာကောင်းမှာပေါ့နော် … ပြီးတော့ သူနဲ့စကားပြောဖြစ်တယ် သူနဲ့စကားပြောနေတုန်းမှာ သူကို ဒါလေးလုပ်လိုက်ပါလားလို့ ပြောလိုက်မိတယ် (ဘာလေးလဲလို့မမေးရဘူးနော်) … အဲဒီတော့ဒီလိုလေး :O အလန့်တကြား အံသြတဲ့ အမူအရာလေးလုပ်ပြတယ် … သူမလုပ်နိုင်မှန်းသိလိုက်ပါတယ် ... ဒါပေမယ့် မသိချင်အောင်ဘဲ ဆောင်နေရမယ့်သူလေ .. ဘယ်တက်နိုင် မလဲ ဘာပဲဖြစ်ဖြစ်ပါ လက်ဆောင်ပစ္စည်းလေးလက်ခံပေးတာကိုပဲ ကျေးဇူးတင်ရမှာလေ … ဒီကနေက သူဆီကိုလဲ ဖုန်းစဆက်တဲ့နေလေး ပေါ့ … အမှတ်တရလေပဲပေါ့လေ …